Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Morning News | 11 October 2026

Video information, playback and saved actions.
Khit Thit Morning News | 11 October 2026

Khit Thit Morning News | 11 October 2026

Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ရန်ကုန်အခြေစိုက် အေးလင်းလက်ထွဋ် အေဂျင်စီမှ တာဝန်ရှိသူများ အပါအဝင် အေဂျင်စီတချို့က ရုရှားကို စေလွှတ်ခဲ့တဲ့ မြန်မာအလုပ်သမားတချို့ဟာ ရုရှားစစ်တပ်ရဲ့ စစ်သားစုဆောင်းရေး အစီအစဉ်က တစ်ဆင့် ယူကရိန်းရှေ့တန်းစစ်မြေပြင်ကို ပို့ခံခဲ့ရပြီး မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်နေတယ်လို့ ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- အမေရိကန်နဲ့ မင်းအောင်လှိုင်တို့ စစ်အုပ်စုအဖွဲ့ တွေ့ဆုံမှုကြောင့် မျှော်လင့်ချက်မပျောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက တိုက်တွန်းပြောဆိုလာပါတယ်။

- ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်က ဘုမ္မတီး စစ်တပ် စခန်းနဲ့ ရိက္ခာပို့စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်ခြေမှုန်းမှုတွေအတွင်း စစ်တပ်ဘက်က ၁၇ ဦးထက်မနည်းကတော့ အသီးသီး သေကုန်ကြပြီး ၊ သူတို့စစ်သားမသာအလောင်းတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို အသည်းအသန်သ ယ်သွား ကြတယ်လို့ Special Guerrilla Force တပ်ဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- အရှေ့အလယ်ပိုင်းက အီရန်စစ်ပွဲမှာ အမေရိကန်ဘက်က ခြိမ်းခြောက်မှုတွေ မရှိမှသာ အီရန်နဲ့ ဆွေးနွေးရေးအောင်မြင်မယ်လို့ အီရန် သမ္မတ ကိုယ်တိုင် ပြောလာပြန်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Morning News | 11 October 2026"
Related videos are temporarily unavailable.