Skip to content
Y
yTube.SITE v7.3.6
media / worlds / tools / internet oddities
YouTube / video information

Khit Thit Morning News | 6 September 2026

Video information, playback and saved actions.
Khit Thit Morning News | 6 September 2026

Khit Thit Morning News | 6 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက်စစ်တပ်အတွင်း သတင်းအချက်အလက်နှင့် လုံခြုံရေးကျိုးပေါက်မှု ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်သူတွေကို ထိရောက်ပြင်းထန်စွာ အရေးယူခဲ့တယ်ဆိုပြီး ဒုတိယစစ်ခေါင်းဆောင် ကျော်စွာလင်းကပြောဆိုလာသလို ၊ စစ်တပ်အတွင်း သတင်းပေါက်ကြားမှုမရှိအောင် ထိန်းသိမ်းဖို့ကိုပါ သတိပေးပြောဆိုလာပါတယ်။

- ကချင်ပြည်နယ် ၊ ရွေကူမြို့နယ်မှာ စစ်ဘော်ပေါ်ကနေ KIA ပူးပေါင်းတပ်တွေဆီ အလံဖြူထောင် လက်နက်ချခဲ့တဲ့ စစ်သုံ့ပန်း အယောက် ၁၉၀ ထဲမှာ စစ်သား ၊ ရဲ နဲ့ တပ်မိသားစုဝင်တွေ ပါဝင်တယ်ဆိုပြီး စစ်တပ်အသိုင်းအဝိုင်းကိုယ်တိုင်က လူမှုကွန်ယက်တွေကနေ တဆင့် ဝန်ခံပြောဆိုလာကြပါတယ်။

- ရန်ကုန်မြို့မှာ စစ်မှုထမ်းအတွက် လူငယ်တွေ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရမှုတွေ အလွန် ဆိုးရွားလာနေပြီး ၊ မရမ်းကုန်းမြို့နယ်က မောင်ဝဏ္ဏဖြိုး ဆိုတဲ့လူငယ်လည်း နေ့ခင်းဘက် မုန့်ဝယ်ထွက်ရာကနေ ပျောက်ဆုံးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောလာကြပါတယ်။

- ရုရှား ယူကရိန်းစစ်ပွဲ ဆက်လက်ပြင်းထန်နေချိန်မှာပဲ ရုရှားက အရင်ထက် ပိုမိုမြန်ဆန်တဲ့ ဂျက်အင်ဂျင်တပ် ဒရုန်းတွေကို အများအပြားအသုံးပြု တိုက်ခိုက်လာတာကြောင့် ယူကရိန်းအရပ်သား သေဆုံးမှုတွေ သိသိသာသာ မြင့်တက်လာနေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Morning News | 6 September 2026"
Related videos are temporarily unavailable.