Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

khit Thit Afternoon News | 26 September 2026

Video information, playback and saved actions.
khit Thit Afternoon News | 26 September 2026

khit Thit Afternoon News | 26 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ အပန်းဖြေ စံအိမ်နဲ့ ဥယျာဉ်ခြံဝင်းကြီးရှိရာ ပြင်ဦးလွင်ကို နေပြည်တော်ကနေ လေကြောင်းခရီးစဉ်နဲ့ မကြာခဏ ဆိုသလို သွားရောက်လျက်ရှိပြီး သူ့ရဲ့ လုံခြုံရေးအတွက် အနီးစခန်းလေဆိပ်အနီး မိုင် ၂၀ ပတ် ဝန်းကျင်ရှိ မွေးမြူရေးခြံတွေကို ချက်ချင်းဖယ်ရှားခိုင်းနေကြောင်း စစ်တပ်သတင်းရင်းမြစ်နဲ့ ဒေသပြည်သူတွေထံက သိရှိရပါတယ်။

- မြန်မာစစ်တပ်က အရပ်ဘက်သုံးလေယာဉ်တွေကို စစ်ဘက်လေယာဉ်မှူးတွေ လေ့ကျင့်ပေးတာနဲ့ ကင်းထောက်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်တာကြောင့် အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းအဖြစ် သတ်မှတ်နိုင်ကြောင်း ဥရောပသမဂ္ဂတရားရုံး (CJEU) ရဲ့ ဥပဒေအကြံပေးချုပ် Tamara Ćapeta က သဘောထားမှတ်ချက် ထုတ်ပြန်ခဲ့တာကို Justice For Myanmar က စက်တင်ဘာ ၂၄ ရက်မှာ ကြိုဆိုလိုက်ပါတယ်။

- ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ ရေဘေးသင့်ပြည်သူတွေထံက လျှပ်စစ်ရုံးက မီတာထိန်းသိမ်းခ ကျပ် ၃၀၀၀ စီ တောင်းခံနေတဲ့အတွက် အခက်တွေ့နေကြတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- အီရန်က ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပြီး ဆွေးနွေးပွဲတွေ ပြန်စတင်ဖို့ အဆိုပြုထားပြီးနောက် အမေရိကန်နဲ့ အီရန်ကြား “အပြုသဘောဆောင်ပြီး အကျိုးရှိတဲ့” ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "khit Thit Afternoon News | 26 September 2026"
Related videos are temporarily unavailable.