Khit Thit Morning News | 14 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကနေ မန္တလေးဘက်ကို ပြန်လည်စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ သင်္ဘောတွေကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ သင်္ဘော ၆ စီး ထပ်မံပျက်စီးခဲ့သွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
- မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဧပြီလမှာ သမ္မတရာထူးရယူပြီးနောက် နိုင်ငံတကာ အထီးကျန်မှုလျှော့ချဖို့နဲ့ နိုင်ငံခြားအစိုးရတွေနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးတွေ တိုးမြှင့်လာပေမယ့် အာဆီယံနိုင်ငံအတွင်း မြန်မာ့အရေး သဘောထား ကွဲလွဲနေ ဆဲဖြစ်တယ်လို့ DW သတင်းမှာ ဖော်ပြထားပါတယ်။
- ချင်းပြည်နယ်၊ ပလက်ဝခရိုင်၊ AA ထိန်းချုပ်ထားတဲ့ ဆမီးမြို့နဲ့ မတူပီမြို့နယ်ကြားက ဘွေလီကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ကုန်စုံဆိုင်တစ်ဆိုင်၊ ထမင်းဆိုင်တစ်ဆိုင်နဲ့ ကားတစ်စီး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- ထွန်းသစ်စစီးပွားရေးနိုင်ငံတွေ စုပေါင်းထားတဲ့ BRICS အဖွဲ့ရဲ့ ခေါင်းဆောင်တွေဟာ စနေနေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ တွေ့ဆုံခဲ့ကြပြီး အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုတွေ မြင့်တက်လာနေတာကို စိုးရိမ်ကြောင်း ပြောဆိုခဲ့ကြသလို၊ ကုလသမဂ္ဂက ခွင့်ပြုထားခြင်းမရှိတဲ့ တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုတွေကိုလည်း ရှုတ်ချခဲ့ကြတယ်လို့ ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description