Khit Thit Evening News | 30 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၃၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ မြန်မာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အယောက် ၅၀ သေဆုံးမှုအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ် နဲ့ လူ့အခွင့်အရေးမဟာမင်းကြီး ဗော်ကာတက်ခ် တို့က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။
- တစ်ဆက်တည်းမှာပဲ ဗြိတိန်အစိုးကလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ သေဆုံးမှုအပေါ် ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း ပြောလာပါတယ်။
-ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၊ ဆယ်စင်းဒေသမှာ စစ်တပ်လက်အောက်ခံ SNA တပ်စခန်း ၂ ခုအပြင် အင်းတော်ကြီးဒေသကို ဝင်ရောက် လာတဲ့ စစ်တပ် စစ်ကြောင်းကိုပါ KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်တပ်ဘက်က သေတဲ့သူတွေတော်တော်များပြီး လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရရှိထားတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။
- အီရန်တော်လှန်ရေးအစောင့်တပ်က အမေရိကန်မဲဆန္ဒရှင်တွေဆီ အိတ်ဖွင့်ပေးစာပို့ပြီး အမေရိကန်ရဲ့ မူဝါဒ ပြောင်းလဲဖို့ တိုက်တွန်းနေပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description