Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Morning News | 9 October 2026

Video information, playback and saved actions.
Khit Thit Morning News | 9 October 2026

Khit Thit Morning News | 9 October 2026

Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က Top 1 Services ကုမ္ပဏီအပါအဝင် ပြည်ပအလုပ် အကိုင်အေဂျင်စီ ၃ ခုက ရုရှားနိုင်ငံ မော်စကိုမြို့မှာ အထွေထွေအလုပ်လုပ်ဖို့ စေလွှတ်လိုက်တဲ့ မြန်မာအလုပ်သမား ၁၉ ဦးဟာ မော်စကိုလေဆိပ်ရောက်ပြီးနောက် ရုရှားစစ်သားစုဆောင်းရေးတပ်ထံ ပို့ခံခဲ့ရတယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

- စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ လယ်နောင်ကျေးရွာမှာ အောက်တိုဘာ ၇ ရက်က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့ တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

-တနင်္သာရီတိုင်း၊ လောင်းလုံး၊ ရေဖြူနဲ့ သရက်ချောင်းမြို့နယ်တွေမှာ ရေဘေးကြုံနေရတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး စစ်အုပ်စုက စစ်ရေးရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာတွေကို လက်ခံမှာ မဟုတ်ဘဲ တုံ့ပြန်သွားမယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) က သတိပေးထားပါတယ်။

-အမေရိကန်သမ္မတ Trump အစိုးရက နိုဝင်ဘာလမှာကျင်းပမယ့် အမေရိကန် ကြားကာလ ရွေးကောက်ပွဲ မတိုင်မီ အီရန်ကို တိုက်ခိုက်မှုတွေ ပြန်စမယ်ဆိုရင် ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ စစ်ဆင်ရေးအစီအစဉ်တွေကို ပြင်ဆင်ထားဖို့ ပင်တဂွန်ကို အိမ်ဖြူတော်က ညွှန်ကြားထားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Morning News | 9 October 2026"
Related videos are temporarily unavailable.