Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Morning News | 17 September 2026

Video information, playback and saved actions.
Khit Thit Morning News | 17 September 2026

Khit Thit Morning News | 17 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ခင်ရီအနေနဲ့ ဥက္ကဋ္ဌထပ်လုပ်မယ်ဆိုရင် အဆိုပြုလျှောက်လွှာတင်သွင်းကာ ညီလာခံမှာ မဲပေးစနစ်နဲ့ ပြန်လည်ရွေးချယ်ခံရမှာဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် အဆိုပြုသူ တစ်ဦးထက်ပို လာရင်တော့ မဲအသာရသူက ပါတီဥက္ကဋ္ဌ ဖြစ်လာမှာဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောပါတယ်။

-မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းပိုင်းမှာ ဘဝသစ်အကျဉ်းထောင်က လက်ထောက်ကြီးကြပ်ရေးမှူး အပါအဝင် ၃ ဦး လိုက်ပါလာတဲ့ကားကို တိုက်ခိုက်ခဲ့ရာ ၃ ဦးစလုံး သေဆုံးပြီး လက်နက် ၂ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ပါတယ်။

-တရုတ်နိုင်ငံမှာ ရာဇဝတ်မှုနဲ့ အလိုရှိနေတဲ့ တရုတ်နိုင်ငံသားတစ်ဦးဟာ မြန်မာနိုင်ငံသား မစ္စတာမျိုးဆိုတဲ့ အမည်နဲ့ မြန်မာနိုင်ငံကူးလက်မှတ် အသုံးပြုပြီး ထိုင်းနိုင်ငံမှာ ၁၀ နှစ်ကျော် နေထိုင်ခဲ့သလို ဘတ်သန်း ၆၀၀ ခန့်တန်ဖိုးရှိတဲ့ ကုမ္ပဏီ ၃ ခုနဲ့ မြေ ၇ ကွက် ပိုင်ဆိုင်ထားတာကို ထိုင်းရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

- အမေရိကန် အောက်လွှတ်တော်က အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စစ်ရေးဆောင် ရွက်ခွင့်ကို ကန့်သတ်မယ့် War Powers Resolution ကို စက်တင်ဘာ ၁၅ ရက်မှာ တတိယအကြိမ် မဲခွဲအတည်ပြုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Morning News | 17 September 2026"
Related videos are temporarily unavailable.