Khit Thit Morning News | 18 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာစစ်တပ်က ရွှေကုက္ကိုလ်နဲ့ KK Park လို ကျားဖြန့်လိမ်လည်ရေးစခန်းကြီးတွေကို ဖျက်ဆီး နေတယ်လို့ လူသိရှင်ကြား လုပ်ဆောင်ပြခဲ့ပေမယ့်ဟန်ပြသာဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ် တစ်လျှောက်မှာ ကျားဖြန့်စခန်းအသစ်တွေ ဆက်ပြီး ပေါ်ပေါက်လာနေတယ်လို့ အမေရိကန် လွှတ်တော်အမတ် ၂ ဦးက ပြောပါတယ်။
-ကြံ့ဖွတ်ပါတီရဲ့ ညီလာခံကို ပြည်တွင်းပြည်ပ သတင်းထောက်တွေ တက်ရောက်ဖို့ မူလက ဖိတ်ကြား ထားပေမယ့် ညီလာခံကျင်းပခါနီးမှာ တက်ရောက်ခွင့် မပြုတော့ဘူးလို့ ပါတီပြန်ကြားရေးက အသိပေး ပြီး ဖိတ်ကြားထားတာတွေကို ရုတ်တရက် ရုပ်သိမ်းလိုက်တယ်လို့ ပြည်တွင်းပြည်ပ သတင်းထောက် အသိုင်းအဝိုင်းထံက သိရပါတယ်။
-မင်းအောင်လှိုင်ကို မလေးရှားနိုင်ငံလာရောက်ဖို့ ဖိတ်ကြားထားတဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် ကို မလေးရှားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (MACC) အကြီးအကဲ ဟောင်းနဲ့ လူ့အခွင့်အရေးရှေ့နေ လာသီဖာကိုယာက အရှက်မရှိသူ၊ နိုင်ငံကို အရှက်ရစေသူအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ သဘောတူညီချက်ရဖို့ အီရန်ဘက်က ဆန္ဒရှိနေတယ်လို့ ထပ်မံပြောဆိုလိုက်တဲ့ သတင်းအပါအဝင် ရန်ကုန်ခေတ်သစ်ရဲ့ မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description