Khit Thit Afternoon News | 11 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တံတားဦးလေတပ်မှာရှိတဲ့ စစ်တိုက်လေယာဉ် ၄ စီး FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်က လေကြောင်းခရီးစဉ်တွေကို ရက်အကန့်အသတ်မရှိ ယာယီ ရပ်ဆိုင်း ထားတယ်လို့ လေတပ်သတင်းရင်းမြစ်ကပြောထားသလို ၊ မန္တလေးမြို့က လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တချို့ကလည်း ရန်ကုန်ခေတ်သစ်ကို ပြောပြထားပါတယ်။
- ပဲခူးတိုင်း ၊ လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ကျေးရွာ စစ်တပ် အထိုင်စခန်းကို တော်လှန်ရေးတပ် တွေက ဝင်ရောက် တိုက်ခိုက်မှုအတွင်း ပိတ်မိနေတဲ့ စစ်သားတွေကို ဘန်ကာထဲက စစ်သားတွေက လာရောက်ကယ်ထုတ်မှုမရှိတဲ့အတွက် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများသွားကြတယ်လို့ ဒေသ တွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရခိုင်ပြည်နယ်ရဲ့ ၉၂ ရာခိုင်နှုန်းကျော်ကို အာရက္ခတပ်တော် (AA) က သာ ထိန်းချုပ်ထားတယ်လို့ (ISP- Myanmar) က မြေပုံနဲ့တကွ ထုတ်ပြန်လာပါတယ်။ AA တပ်ဖွဲ့ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ်အတွင်း ထိုးစစ်တွေ ပြန်လည်စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရခိုင် ပြည်နယ် ရဲ့ ၉၂.၆ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။
- အမေရိကန်နဲ့ အီရန်ကြားဖြစ်ပွားနေတဲ့ စစ်ပွဲမှဦ အီရန်က ဟော်မုဇ်ရေလက်ကြားအတွင်း အမေရိကန်ရဲ့ မောင်းသူမဲ့ရေယာဉ်ကို ဖျက်ဆီးခဲ့တယ်ဆိုပြီး အီရန် အစ္စလာဘ်မစ် တော်လှန်ရေး အစောင့်တပ် IRGC ကပြောလာပြန်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description