Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Morning News | 6 October 2026

Video information, playback and saved actions.
Khit Thit Morning News | 6 October 2026

Khit Thit Morning News | 6 October 2026

Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မလေးရှားကနေအတင်းအကျပ် ပြန်ပို့ခံလာရတဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးထဲက ရခိုင်တိုင်းရင်းသား ၁၅၂ ဦးနဲ့ မလေးရှားကို အထောက်အထားမဲ့ ဝင်ရောက်ခဲ့တဲ့ ရိုဟင်ဂျာ ၁၅၃ ဦး စုစုပေါင်း ၃၀၅ ဦးကို မိသားစုတွေဆီ ပြန်မအပ်သေးဘဲ စစ်ထောက်လှမ်းရေးနဲ့ ရဲအထူးတပ်ဖွဲ့တွေက စစ်ကြောရေး လုပ်နေတယ်လို့ တပ်သတင်းရင်းမြစ်နဲ့ ရခိုင်လူငယ်တွေရဲ့ မိဘဆွေမျိုးတွေက ပြောပါတယ်။

-မြန်မာနိုင်ငံမြောက်ပိုင်း၊ ကိုးကန့်ဒေသနဲ့ မြဝတီဘက်မှာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းနဲ့ ဖုန်းငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ ကျားဖြန့်ဂိုဏ်းတွေကို တရုတ်အာဏာပိုင်တွေ နှိမ်နင်းခဲ့တဲ့ ဖြစ်စဉ်တွေကို ရိုက်ကူးထားတဲ့ “The Demise of Myanmar-Based Telecom Fraud” မှတ်တမ်းရုပ်ရှင်ကို တရုတ်နိုင်ငံပိုင် CCTV-1 က အောက်တိုဘာ ၅ ရက်ကနေ ၇ ရက်အထိ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်

-အိန္ဒိယနိုင်ငံ အလီဂါးမြို့မှာ မြန်မာနိုင်ငံသူရိုဟင်ဂျာ မိန်းကလေး ၄ ဦးကို လူကုန်ကူးဖို့ စီစဉ်နေတယ်လို့ သံသယရှိသူအမျိုးသား ၂ ဦးကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မိန်းကလေး ၄ ဦးကိုလည်း ကယ်တင် နိုင်ခဲ့တယ်လို့ အိန္ဒိယသတင်းမီဒီယာတွေက ဖော်ပြပါတယ်။

- ကမ္ဘာတစ်ဝန်း အပူချိန်တွေ ပိုမိုမြင့်တက်လာတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးကင်းစ ကလေးတွေမှာ ကျန်းမာရေးအန္တရာယ် ပိုမိုများပြားလာနေတယ်လို့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ အကြီးအကဲ Simon Stiell က သတိပေးပြောဆိုတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Morning News | 6 October 2026"
Related videos are temporarily unavailable.