Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Morning News | 19 September 2026

Video information, playback and saved actions.
Khit Thit Morning News | 19 September 2026

Khit Thit Morning News | 19 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မင်းအောင်လှိုင်လက်ထက်မှာ ပြည်ထဲရေးဝန်ကြီးရာထူးကို မကြာခဏ အပြောင်းအလဲလုပ်နေပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခု စက်တင်ဘာ ၁၇ ရက်မှာ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ကို ရာထူးက ဖယ်ရှားပြီး ဗိုလ်ချုပ်ကြီး ကိုကိုဦးကို အစားထိုးခန့်အပ်လိုက်တာကြောင့် စုစုပေါင်း ပြည်ထဲရေး ဝန်ကြီး ၆ ဦးအထိ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။

- အမေရိကန်အစိုးရအရာရှိတွေဟာ ဇွန်လကတည်းက မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်နဲ့ အမေရိကန်မရိန်းတပ်ဖွဲ့ဝင်ဟောင်း အဒမ် ကက်စတီ လိုကို ပြန်လွှတ်ပေးဖို့အတွက် စက်တင်ဘာ ၁၅ ရက်က နေပြည်တော်ကို သွားရောက်ပြီး မြန်မာအာဏာပိုင် တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

- အဓမ္မစစ်သားစုဆောင်းခံရနိုင်တဲ့ အခြေအနေရှိရင် အရွယ်ရောက်ပြီး လူငယ်တွေအနေနဲ့ တော်လှန်ရေး နယ်မြေတွေ ဒါမှမဟုတ် နိုင်ငံရပ်ခြားကို အမြန်ဆုံးထွက်ခွာကြဖို့အပါအဝင် လူငယ်တွေနဲ့ ပြည်သူတွေ အတွက် အကြံပြုချက်တွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

- အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ဆော်ဒီအာရေဗျားကို အမေရိကန်ရဲ့ အဆင့်မြင့် F-35 တိုက်လေယာဉ် ၄၈ စီး ရောင်းချဖို့ အမေရိကန်လွှတ်တော်ရဲ့ ခွင့်ပြုချက်ရယူရန် တင်ပြလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Morning News | 19 September 2026"
Related videos are temporarily unavailable.