Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

khit Thit Morning News | 29 September 2026

Video information, playback and saved actions.
khit Thit Morning News | 29 September 2026

khit Thit Morning News | 29 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မွန်ပြည်နယ် ကျိုက်ထိုမြို့အနီးကနေ အားကောင်းသောမုန်တိုင်းငယ် ဆက်လက်ဖြတ်ကျော်နေ ပြီး လာမယ့် ၄၈ နာရီအတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတွေကို ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက စက်တင်ဘာ ၂၈ ရက် ည ၁၁ နာရီခွဲမှာ သတိပေးချက်ထုတ်ပြန်ပါတယ်။

- အကြမ်းဖက်စစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့တာဟာ တပ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ သူနဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို စုံစမ်းစစ်ဆေးနေရတဲ့ အခြေအနေကြောင့် ဖြစ်နိုင်တယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေကို ကိုးကားပြီး CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

- ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စက်တင်ဘာ ၂၈ ရက်မှာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ရခိုင်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

- အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ ပြန်စနိုင်ရေးအတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာဂ်ချီ ဟာ ဒီနေ့ နယူးယောက်မှာ ကြားဝင်ညှိနှိုင်းပေးနေသူတွေနဲ့ တွေ့ဆုံပြီး နောက်ဆုံး အဆိုပြုချက်တွေနဲ့ ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ရေးကိစ္စတွေကို ဆွေးနွေးမယ့် သတင်းအပါအဝင် မနက်ခင်းသတင်း တွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "khit Thit Morning News | 29 September 2026"
Related videos are temporarily unavailable.