Khit Thit Morning News | 1 October 2026
Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံနဲ့ တောင်ပြိုမှုတွေကြောင့် လူသေဆုံး၊ ပျောက်ဆုံးမှုတွေဖြစ်နေသလို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လိုအပ်နေချိန်မှာ လုံခြုံရေးအခြေအနေကြောင့် လောင်းလုံးမြို့နယ်ကို သွားရောက်ဖို့ ခက်ခဲနေတယ်လို့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဇော်နိုင်ဦးက ပြောပါတယ်။
-ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅၀ ဦးအထိ သေဆုံးခဲ့တဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး အာရက္ခတပ်တော် (AA) အပါအဝင် မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကာ စစ်တပ်ကို အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က မနေ့က ထုတ်ပြန်ပါတယ်။
- မြန်မာနိုင်ငံက မက်သမ်ဖက်တမင်း မူးယစ်ဆေးဝါးစီးပွားရေးဟာ ကမ္ဘာ့အရေးပါဆုံး တရားမဝင် ဓာတုမူးယစ်ဆေးဝါးဈေးကွက်ရဲ့ အဓိကဗဟိုချက်တစ်ခု ဖြစ်လာနေတယ်လို့ နယ်စပ်ဖြတ်ကျော် စနစ်တကျ ကျူးလွန်သော ရာဇဝတ်မှုများကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ အစပျိုးလှုပ်ရှားမှု (GI-TOC) က စက်တင်ဘာ ၃၀ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
- အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အီရန်စစ်တပ်အတွက် လက်နက်နဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေ ရရှိအောင် ကူညီပေးခဲ့တဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီ ၁၀ ဦး၊ အဖွဲ့အစည်းတွေကို အင်္ဂါနေ့မှာ ပိတ်ဆို့ အရေးယူလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description