Skip to content
Y
yTube.SITE v7.3.2
media / worlds / tools / internet oddities
YouTube / video information

Khit Thit Morning News | 7 September 2026

Video information, playback and saved actions.
Khit Thit Morning News | 7 September 2026

Khit Thit Morning News | 7 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံလေဆိပ်ကို နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင်ရေး စီမံကိန်းကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံပိုင် Sky One Construction ကုမ္ပဏီက ၂၀၂၃ ခုနှစ်ကတည်းက လုပ်ပိုင်ခွင့်ရရှိခဲ့ပြီး လုပ်ငန်းခွဲကန်ထရိုက်တာတွေကို စာချုပ်ပါအတိုင်း ငွေမရှင်းပေးဘဲ နှစ်နဲ့ချီ ကြန့်ကြာနေတယ်လို့ စီမံကိန်းနဲ့ ပတ်သက်သူတွေဆီက သိရပါတယ်။

- ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာအနီးမှာ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ စင်းခန်းဧရာဝတီမြစ်ကူးတံတားခြေရင်းကို စစ်တပ်က လေယာဉ်တွေနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

- မလေးရှားနိုင်ငံက စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက စက်တင်ဘာလ ၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံသားတွေရဲ့ PJ ပတ်စ်ပို့သက်တမ်းတိုးရာမှာ အခွန် ၃ နှစ်စာ ရင်းဂစ် ၁,၀၈၀ ကို မဖြစ်မနေ ကောက်ခံနေတယ်လို့ မလေးရှားရောက် မြန်မာအလုပ်သမားတွေထံက သိရပါတယ်။

- အမေရိကန်နဲ့ အီရန်အကြား ဟော်မုဇ်ရေလက်ကြားတဝိုက် စစ်ရေးတင်းမာမှု ပိုမိုမြင့်တက်လာနေပြီး အမေရိကန်က အီရန်ရဲ့ ရေနံတင်သင်္ဘောတွေကို တိုက်ခိုက်နေချိန်မှာ အီရန်ဘက်ကလည်း အမေရိကန်စစ်သင်္ဘောတွေနဲ့ ဒေသတွင်း အမေရိကန်အကျိုးစီးပွားတွေကို ပိုမိုပြင်းထန်စွာ တုံ့ပြန်သွားမယ်လို့ သတိပေးလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Morning News | 7 September 2026"
Related videos are temporarily unavailable.