Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Morning News | 10 September 2026

Video information, playback and saved actions.
Khit Thit Morning News | 10 September 2026

Khit Thit Morning News | 10 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ရိက္ခာနဲ့ ကုန်ပစ္စည်းတွေ ပို့ဆောင်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်သင်္ဘော ၃ စီးကို ဧရာဝတီမြစ်အတွင်း KIA ပူးပေါင်းတပ်တွေက မနေ့က ထပ်မံတိုက်ခိုက် ဖျက်ဆီးလို က်တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဇင်းဘုံရွာနဲ့ စင်းခန်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းတွေကို KIA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က တပ်ရင်းမှူး ၁ ဦးအပါအဝင် ထိခိုက်သေဆုံးမှုများခဲ့ပြီး လက်နက် ၉ လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

-နေပြည်တော်က ကားအငှားဝန်ဆောင်မှုပေးသူ ကိုဝင်းကိုကို ပစ်သတ်ပြီး ကားလုယူခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ရဲရင့်အောင်ဟာ မူးယစ်ဆေးဝါးသုံးစွဲထားပြီး ခိုးယူထားတဲ့ ခြောက်လုံးပြူးသေနတ်နဲ့ လူသတ်မှုကျူး လွန်ခဲ့တာလို့ ရဲသတင်းရင်းမြစ်တွေက ပြောပါတယ်။

- အီရန်တပ်ဖွဲ့က အမေရိကန်စစ်သင်္ဘောတွေကို ထပ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ ပြောပေမယ့် အမေရိကန်ဘက်ကတော့ သင်္ဘောတစ်စင်းမှ မထိဘူးလို့ ငြင်းဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ် Close description
      
Videos related to "Khit Thit Morning News | 10 September 2026"
Related videos are temporarily unavailable.