Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Afternoon News | 30 September 2026

Video information, playback and saved actions.
Khit Thit Afternoon News | 30 September 2026

Khit Thit Afternoon News | 30 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၃၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်တပ်က နိုင်ငံခြားငွေ သုံးစွဲမှု တင်းကျပ်လာပြီးနောက် သွင်းကုန်လိုင်စင်တွေ စျေးတွေထိုးတက်နေတယ်လို့ UMFCCI သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံကို ပြောဆိုပါတယ်။

-ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ရပ်ကွက် ၃ မှာရှိတဲ့ ကုန်လှောင်ရုံတစ်ခုကို အေးသာယာတပ်နယ်မှူး၊ မြို့အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းမှူးတို့ ဦးဆောင်တဲ့အဖွဲ့က စက်တင်ဘာလ ၂၄ ရက် ညပိုင်းမှာ ဝင်ရောက်စစ်ဆေးပြီး ငွေကျပ်သိန်းထောင်ချီ တောင်းခံခဲ့တယ်လို့ ထွေအုပ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

-တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်နဲ့ လောင်းလုံးမြို့နယ်တို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေချိန် စစ်တပ်က ကျေးရွာတွေထဲ အဆက်မပြတ်စစ်ကြောင်းထိုးဝင် ရောက်လာတာကြောင့် ရေဘေးသင့်ပြည်သူတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရပြီး ပြေးစရာနေရာမရှိဘဲ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

- အီရန်နဲ့ အမေရိကန်ကြား Hormuz ရေလက်ကြား ပြန်ဖွင့်ရေး သဘောတူညီချက်ရဖို့ ဆွေးနွေးနေချိန်မှာ အီရန်က အရှေ့အလယ်ပိုင်းဒေသအတွင်း အခြေခံအဆောက်အအုံတွေကို ထပ်မံတိုက်ခိုက်သွားနိုင်တယ်လို့ သတိပေးလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Afternoon News | 30 September 2026"
Related videos are temporarily unavailable.