Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

khit Thit Afternoon News | 28 September 2026

Video information, playback and saved actions.
khit Thit Afternoon News | 28 September 2026

khit Thit Afternoon News | 28 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၈ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၂၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်ကို မင်းအောင်လှိုင်သားအဖနဲ့ စစ်တပ်က အပြီးသတ်သိမ်း ယူပြီး အုတ်တံတိုင်းခြံစည်းရိုးခတ်ဖို့ လုပ်ဆောင် နေပြီဖြစ်တယ်လို့ မြေသိမ်းခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ တော်လှန်ရေး ထောက်ပံ့တယ်လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့တဲ့ ကိုဝေဖြိုးကို ရဲစခန်းအပြင် ခေါ်ထုတ်ပြီး အကြမ်းဖက် စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ လောင်းရှည်ဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုး မီးရှို့လုယက်မှုတွေ ပြုလုပ်အပြီး ပြည်သူပိုင်ပစ္စည်းတွေ သယ်ဆောင်လာစဉ် FPV ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ စစ်တပ်ဘက်က ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

- အီရန်နဲ့ အမေရိကန်ကြား ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး သဘောတူညီချက်ရဖို့ ခက်ခဲလာပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "khit Thit Afternoon News | 28 September 2026"
Related videos are temporarily unavailable.