Skip to content
Y
yTube.SITE v7.3.1
media / worlds / tools / internet oddities
YouTube / video information

Khit Thit Evening News | 18 September 2026

Video information, playback and saved actions.
Khit Thit Evening News | 18 September 2026

Khit Thit Evening News | 18 September 2026

Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ယူကရိန်းရဲ့ FPV ဒရုန်း နဲ့ နည်းပညာတွေက မြန်မာ့ နွေဦးတော်လှန်ရေးအတွက် အလှည့်အပြောင်း နဲ့ ရန်သူ စစ်တပ်ကို သွေးပျက် ကြေက်ရွံ့စေတဲ့အထိ ခြိမ်းခြောက်လာနိုင်တယ်လို့ လေ့လာသုံးသပ်မှုတွေမှာ ဖော်ပြလာပါတယ်။

- အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ တော်လှန်ရေး မဟာဗျူဟာစီမံကိန်းတွေ အတွက် အရင်းအမြစ်နဲ့ ရန်ပုံငွေတွေကို ပံ့ပိုးပေးမှာဖြစ်ပြီး ဒရုန်းနဲ့ခေတ်မီ နည်းပညာတွေကို ထည့်သွင်းထားဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ညွှန်ကြားလာပါတယ်။

- မြန်မာနိုင်ငံသားဖြစ်နေခြင်းကြောင့် နိုင်ငံတကာ ဗီဇာကန့်သတ်ခံရမှု ၊ လူငယ်တွေကို စစ်မှုထမ်းခိုင်းတဲ့ စနစ်စတင်မှုတို့ကြောင့် နာမည်ကျော် သရုပ်ဆောင် မင်းသား မိုရီဆာကီဝင်းက မြန်မာနိုင်ငံသား အဖြစ်ကနေ စွန့်လွှတ်ပြီး ဂျပန်နိုင်ငံသားအဖြစ် ခံယူလိုက်တယ်လို့ ဂျန်ပန်မီဒီယာကနေတဆင့် တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
- ကရင်ပြည်နယ် ၊ မြဝတီမြို့၊ ကြံခင်းလမ်း၊ အမှတ် ၁ ဂိတ်ဝင်းထဲမှာ စစ်တပ်လက်အောက်ခံ BGF ဗိုလ်မှူး-မုတ်သုန်က တရုတ်နိုင်ငသားတွေကို ခေါ်သွင်းပြီး ကျားဖြန့်အွန်လိုင်းလိမ်လည်လုပ်ငန်းတွေကို စစ်တပ်၊ ရဲနဲ့အတူ အကြီးအကျယ်ပူးပေါင်း လုပ်ကိုင်နေကြတယ်လို့ ကရင်နယ်စပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description
      
Videos related to "Khit Thit Evening News | 18 September 2026"
Related videos are temporarily unavailable.