Khit Thit Morning News | 3 October 2026
Description: Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ WHN အထည်ချုပ်စက်ရုံက အမျိုးသမီးဝန်ထမ်းတစ်ဦးကို အလုပ်ကနေ အိမ်ပြန်လာချိန် တက္ကစီပေါ် အတင်းဆွဲတင်ပြီး ဖမ်းဆီးဖို့ ကြိုးစားတဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ် လို့ မြန်မာနိုင်ငံစက်မှု၊ လက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ပြောပါတယ်။
- မြန်မာနိုင်ငံတစ်ဝန်းက သံဃာတော်နဲ့ သီလရှင်တွေ ကိုင်ဆောင်ထားတဲ့ သာသနာ့ဝန်ထမ်းကတ်တွေ အစား UID (Unique Identification Number) ပါတဲ့ စမတ်ကတ်တွေ ပြောင်းပေးဖို့ စစ်တပ်နဲ့ လူဝင်မှုကြီးကြပ်ရေး (လဝက) က စာရင်းတွေ စတင်ကောက်ယူနေပြီလို့ မြို့နယ်သံဃာနာယက အဖွဲ့တွေထံက သိရပါတယ်။
- ပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်းတွေ ထပ်ပြီးမြင့်တက်လာပြီး ရန်ကုန်မှာ 92 ဓာတ်ဆီတစ်လီတာကို ၄,၅၄၀ ကျပ်၊ 95 ဓာတ်ဆီတစ်လီတာကို ၄,၇၃၀ ကျပ်အထိ ရောက်လာတယ်လို့ စက်သုံးဆီတင်သွင်း၊ သိုလှောင်နဲ့ ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
-အစ္စရေးနိုင်ငံကို ပျံသန်းလာတဲ့ ဖလိုင်းဒူဘိုင်းခရီးသည်တင်လေယာဉ်ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ အီရန်နိုင်ငံ ဆက်နွယ်နေတယ်လို့ စုံစမ်းတွေ့ရှိခဲ့မယ်ဆိုရင် အီရန်ကို အမေရိကန်က ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ အမေရိကန်သမ္မတ ထရမ့်က ပြောလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description