Khit Thit Evening News | 4 September 2026
Description: Khit Thit သတင်းဌာန၏ စက်တင်ဘာ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပြည်တွင်းမှာ စစ်တပ်လက်အောက်ခံ မြန်မာနိုင်ငံ ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးကွက်အတွက် ဒေါ်လာရောင်းချမှုတွေ ယာယီရပ်နားထားပြီး သွင်းကုန်လိုင်စင်ကိုလည်း အလွန်တင်းကျပ် ထားတာကြောင့် သွင်းကုန်ပစ္စည်းမှန်သမျှ ပြည်တွင်းမှာ ပြတ်လပ်လာနေတယ်လို့ UMFCCI သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် ပြောလာပါတယ်။
- မြန်မာနိုင်ငံကနေ သင်္ဘောသား ပတ်စ်ပို့ PS နဲ့ ပြည်ပနိုင်ငံတွေကို အလည်အပတ်ထွက်ခွင့်မပေးတော့ပဲ စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး ပိတ်ပင်မယ်လို့ စစ်တပ်လက်အောက်ခံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (DMA) က ထုတ်ပြန်ကြေညာလာပါတယ်။
- ကချင်ပြည်နယက်က ရွှေကူမြို့ကနေ ဗန်းမော်မြို့ဘက်ကို ဆန်တက်ခဲ့တဲ့ စစ်တပ်ရဲ့ သင်္ဘောအုပ်စု ကနေ စစ်သုံ့ပန်း အယောက် ၁၉၀ ကို KIA ပူးပေါင်းတပ်တွေက ဖမ်းဆီးရရှိခဲ့ပြီး စစ်သား ၁၅၁ ဦးနဲ့ ရဲ ၁၇ ဦးပါဝင်သလို စစ်သင်္ဘော ၈ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အမေရိကန်က G20 အဖွဲ့ဝင်နိုင်ငံတွေကို ကုန်သွယ်ရေးမညီမျှမှု လျှော့ချဖို့ တိုက်တွန်းလာပြီး ၊ အဓိက တရုတ်ကို ပစ်မှတ်ထားလာနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ Close description